• အင်ဂျင်နီယာပညာရပ်ဆိုင်ရာ နည်းပညာ channel

    အင်ဂျင်နီယာညီငယ်တချို့ရဲ့ တောင်းဆိုမှုကြောင့် Telegram နည်းပညာ channel လေးလုပ်ဖြစ်ကြောင်းအသိပေးပါတယ်။ တပါတ်ကို ပို့အနည်းဆုံး 2 ခုလောက်တော့ update လုပ်ပေးနိုင်ဖို့ကြိုးစားပါ့မယ်။

    အောက်ပါ channel ကို add ပြီး follow လုပ်ထားနိုင်ပါတယ်။

    https://t.me/+2GB_zxZgvAEyYzU9

  • FHC Report Assessment

    Canute ရဲ့ FHC Software ကတော့ Full Hydraulic Calculation Software တွေအတော်များများထဲက အသုံးအများဆုံးဖြစ်ပါတယ်။ Canute ရဲ့ FHC က AS, BS, SSCP, NFPA, LPCB/BRE Regulations တွေရဲ့ compliances တွေနဲ့အသုံးပြု Design လုပ်လိုရအောင်ထည့်ပေးထားတာကြောင့် အတော့်ကိုအဆင်ပြေတာကြောင့် အသုံးများကြတယ်လို့ ယူဆရပါတယ်။

    Software တွေတိုင်းမှာ သူတိုဘယ်လောက်ကောင်းကောင်း ဘယ်လောက်စွမ်းနိုင်စွမ်းနိုင် ကန့်သတ်ချက်လေးတွေရှိပါတယ်၊ အဓိကကတော့ အမှိုက်ထည့်သွင်းရင် ရလာဒ်ကလည်း အမှိုက်ပဲထွက်လာမှာပါ၊ ဒါကြောင့် အသုံးပြုသူရဲ့ အတွေ့အကြုံ အသိပညာတွေကအဓိက အခရာကျတယ်ဆိုတာသတိပြုမိဖို့လိုပါတယ်။ FHC report လိုမျိုးကိုလည်း Review လုပ်သူ Assessment လုပ်သူတွေအနေနဲ့လည်း ဘယ်လိုသုံးသပ်ဆုံးဖြတ်မယ်ဆိုတဲ့ အတွေ့အကြုံနဲ့ အသိပညာတွေလိုအပ်ပါတယ်။ စာရေးသူရဲ့အတွေ့အကြုံအရကတော့ FHC report ကို အင်ဂျင်နီယာတော်တော်များများက အပေါ်ယံသာ Review & Assessment လုပ်ပြီး let go လုပ်တတ်ကြပါတယ်၊ FHC နဲ့တွက်ထားတာပဲကွာ မှားစရာမရှိပါဘူးဆိုတာမျိုးတွေးထားရင် အလွဲကြီးလွဲတတ်ကြပါတယ်၊ ခဏခဏလွဲကြတာတွေလည်းတွေ့ခဲ့ဖူးပါတယ်။

    ဒါကြောင့် ဒီ FHC report assessment လေးကိုရေးဖြစ်ပါတယ်။ ဒီပိုစ်လေးကတော့ Private Fire Hydrant System (Ring Main Design) ကို FHC နဲ့တွက်ထုတ်ထားတဲ့ Report မှာ ဘယ်အချက်တွေကိုစီစစ်ကြည့်မလဲဆိုတာနဲ့ Ring Main Design မှာ Hydraulic Calculation Concept လေးကို မကျဥ်းမကျယ်ရေးပေးထားပါတယ်။

    ပုံ (1) ကတော့ Private Fire Hydrant (PFH) header pipe 200mm အချင်းနဲ့ 150mm အချင်း ring distribution ကို အပိုင်းပိုင်းအလိုက်အရှည်ပိုက်အရှည်လေးတွေနဲ့ပြပေးထားပါတယ်။

    ပုံ (1)

    ပုံ (2) ကတော့ PFH ring distribution pipe ရဲ့ isometric ပုံနဲ့မြင်သာအောင်ပြပေးထားပြီး Counter Clockwise Flow Q1 နဲ့ Clockwise Flow Q2 နဲ့ အရေးကြီးတဲ့ Node တွေကိုပြပေးထားပါတယ်။

    ပုံ (2)

    ဒီ FHC Report ကို အပိုင်း 3 ပိုင်းခွဲပြီးတွေ Assess လုပ်ရပါမယ်။ ပထမတစ်ပိုင်းက Pump (Source) ကနေ Node 160 အထိ ပုံ (5) မှာ red box လုပ်ထားတဲ့ item no. 1 to no. 6 အထိကို 1 ပိုင်း၊ Ring Distribution ကို Counter Clockwise Flow (CCW) သို Clockwise Flow (CW) စခွဲမှတ် Node 160 ကနေ No 220 ဆုံမှတ် အထိ အပိုင်း (2) နဲ့ ပြန်ဆုံမှတ် Node 220 ကနေ Hydrant Pillar အထွက်အထိ Node 251 အထိရယ်လို အပိုင်း (3) ရယ်လိုခွဲပြီးမြင်ရပါမယ်။ ပုံ (5) မှာ item no. 7 to no. 12 အထိ blue box နဲ့ပြထားတာက Q1 CCW Flow ဖြစ်ပြီး Total Equivalent Length (358.56m) ဖြစ်ပါတယ်၊ item no. 13 to no. 17 အထိ green box နဲ့ပြထားတာက Q2 CW Flow ဖြစ်ပြီး Total Equivalent Length (294.16m) ဖြစ်ပါတယ်။ Node 160 စခွဲနဲ့ Node 220 ပြန်ဆုံမှတ်အထိ ဖြစ်လာတဲ့ Balanced Flow Rate အပေါ်မူတည်ပြီး Pressure Loss ကအတူတူဖြစ်တာမိုလို Q1 နဲ့ Q2 ဘယ်လောက် Flow စီအသီးသီး Balanced ဖြစ်သွားတယ်ဆိုတာကို Hazen Williams အရ ပုံ (6) မှာတွက်ပြထားပါတယ်။ ပုံ (5) မှာ စခွဲမှတ် Node no. 160 မှာ တပ်ဆင်အသုံးပြုမည့် Pump Capacity (Pump Curve) အရ 5.396 bar ကျန်ပြီးတော့ ပြန်ဆုံမှတ် Node no. 220 မှာ 4.794 bar (ဘဲဥပုံဝိုင်းပြထား) ကျန်တာကိုတွေ့ရပါမယ်။ Node no. 220 ကနေ Pillar အထွက် Node no. 251 အထွက်ထိ 3751.3 l/min Flow နဲ့ Residual Pressure 3.899 bar ကျန်တာကိုတွေ့ရပါမယ်။ ပုံ (4) မှာ Hydrant Pillar ရဲ့ K Factor အရ လိုအပ်တဲ့ Flow နဲ့ Residual Pressure (3420 l/min နဲ့ 3.24 bar) ကို တပ်ဆင်မည့် pump capacity ပုံ (3) မှာ clouded လုပ်ထားတာအရ တကယ်ရနိုင်တဲ့ Flow နဲ့ Pressure (3751.3l/min နဲ့ 3.898 bar) ရနေလို့ လိုအပ်ချက်ထက်ကိုပြည့်မှီကျော်နေတာကိုတွေ့ရပါမယ်။

    ပုံ (3)

    ပုံ (4)

    ပုံ (5)

    ပုံ (6)

    ဒီ FHC Calculation Report မှာတစ်ချက်သတိပြုရမှာက SS CP52 ရဲ့ Rules အရချဥ်းကပ်ပြီးတွက်ထားတာမို့လို့ (ပုံ (3) ကိုကြည့်ပါ) Fittings တွေရဲ့ Equivalent Lengths တွေက SS CP 575 နဲ့ တချို့ကွာနေတာကိုတွေ့ရပါမယ်၊ Pump Selection လုပ်ကထဲက Safety Factor ထည့်တွက်ယူခဲ့တာမို့လို့ပြဿနာမရှိနိုင်ပါဘူး။

    အနှစ်ချုပ်ကတော့ တပ်ဆင်ဖို့ထည့်ထားတဲ့ Pump Curve အရ Most Remote Hydrant Pillar မှာ 3751.3 l/min (လိုအပ်ချက် 3420 l/min (57 l/sec ထက်များ) နဲ့ Residual Pressure 3.898 bar (လိုအပ်တဲ့ Residual Pressure 3.24 bar ထက်များ) တာကြောင့် အဆင်ပြေပြည့်မှီတယ်လို့ သုံးသပ်ယူဆလို့ရတယ်လို့ ဆိုနိုင်ပါတယ်။

  • Ring Main Hydrant Design

    စင်ကာပူကုဒ် SS 575 မှာ Fire Hydrant Design လုပ်ရင် ဖြစ်နိုင်ပါက (မဖြစ်မနေလုပ်ရမည်လိုတော့ဆိုမထားပါ) Ring Circuit Design လုပ်ပေးရမည်လိုဆိုထားပါတယ် SS 575 ရဲ့ စာမျက်နှာ 15 2.1.1.3 မှာ တွေ့ရပါမယ်။ Ring Main Design လုပ်ရင် Designer အများစုမှာ Hydraulic Calculation လုပ်ဖိုရာမှာ အခက်အခဲလေးတွေရှိတတ်ကြပါတယ်။

    ပထမဆုံးအခက်အခဲက Fire Hydrant Pillar ရဲ့ K Factor ကိုဘယ်လောက်ယူတွက်ကြမလဲဆိုတာဖြစ်ပါတယ်၊ အများစုကတော့ FHC မှာပဲဖြစ်ဖြစ် လက်တွက်တွက်ကြရာမှာပဲဖြစ်ဖြစ် 27 l/sec @2 bar, 38 l/sec @2 bar, 57 l/sec @2 bar အစရှိသည်ဖြင့်ကုဒ်မှသတ်မှတ်ချက်အတိုင်းယူပြီး K Factor ကိုအရှင်ထား တွက်ချက်ကြပါတယ်၊ ဒီနေရာ Hydrant Pillar ရဲ့ Diameter ကပုံသေဖြစ်လို K Factor က ကိန်းသေဖြစ်ရမှာပါ။

    NFPA 24/291 တိုမှာ Fire Hydrant Test လုပ်ရာမှာသုံးဖို pitot pressure ကိုဖမ်းပြီး flow rate ကိုဖတ်ဖိုအတွက် အောက်ပါ Formula ကိုသုံးတာတွေ့ကြသတိထားမိကြမှာပါ။

    Q = 29.84 * c * d2 * P0.5

    ဒါအပြင် Q = K * P0.5 ကို Sprinkler Head တွေ Nozzle တွေရဲ့ Flow Rate ကိုတွက်ဖိုသုံးတာလည်းရှိပါတယ်။

    တကယ်တော့ အထက်ပါ formula တွေက Hydraulic မှာ အခြေခံ Continuity Equation ဖြစ်တဲ့ Q = AV ကနေခွဲထွက်လာတဲ့ unit conversion formula တွေမျှသာဖြစ်ကြပါတယ်။

    Q = AV ကနေ pipe ရဲ့ cross sectional area, A = (PI * d2)/4 ကို ft ကနေ in conversion လုပ်တော့ A = (PI * d2)/576 ဆိုပြီးရပါတယ်။ psi / head (ft) conversion unit က 2.3066P ဖြစ်ပါတယ်။ V = (2 * g * h)0.5 ဖြစ်လို g = 32.2 ကိုအစားသွင်း ft3/sec ကနေ gpm conversion အတွက် sec to min conversion အတွက် 60 နဲ့မြှောက် အလားတူ ft3 to gallon (US) conversion 7.48 နဲ့မြှောက်တွက်လိုက်ရင် Q = 29.84 * d2 * P0.5 ရယ်လိုရလာပါတယ်။ ဒါကိုမှ Outlet discharge coefficient (c) တန်ဖိုး (0.7 for outlet square and projecting into barrel, 0.8 for outlet square and sharp, 0.9 for outlet smooth and rounded, Ref: NFPA 291 Fig. 4.7.1 သို NFPA 24 Fig. C.4.7.1 ပုံ (1) ပါတွဲတင်ပေးထား) ထည့်လိုက်ရင် Q = 29.84 * c * d2 * P0.5 ဆိုတဲ့ formula ရလာပါတယ်။ SI အတွက် formula ဆိုရင်တော့ Q = 0.6407 * c * d2 * P0.5 ရယ်လိုရပါတယ် (NFPA 291 က Table 4.10.1(b) မှာတော့ Q = 0.666 * c * d2 * P0.5 ဆိုပြီးယူတွက်ထားတာတွေ့ရပါတယ်)။ ဒီနေရာမှာ 29.84 * c * d2 သို 0.6407 * c * d2 တန်ဖိုးသည် Fire Hydrant ရဲ့ K တန်ဖိုးလိုယူရမှာဖြစ်ပြီး Q = K * P0.5 ဆိုတဲ့ formula ဖြစ်လာပါတယ်၊ K တန်ဖိုးသည် Hydrant ရဲ့ outlet အနေအထားအရ discharge coefficient အရ အနဲငယ်ကွဲလွဲသွားနိုင်ပါတယ် (ဥပမာ Metric Calculation အတွက် “c” တန်ဖိုး “0.7” နဲ့ယူတွက်ရင် K တန်ဖိုးသည် 1895 ဖြစ်ပြီး “c” တန်ဖိုး “0.8” နဲ့ယူတွက်ရင် K တန်ဖိုး 2165 ရမှာဖြစ်ပါတယ်၊ “c” တန်ဖိုး “0.9” နဲ့ယူတွက်ရင် K တန်ဖိုး 2435 ရပါတယ်။ စာရေးသူရဲ့လက်တွေ့အတွေ့အကြုံ စမ်းခဲ့သမျှဖူးသော Hydrant Testing တွေအရတော့ K တန်ဖိုးက 1900 နဲ့ 2100 ဝန်းကျင်လောက်တွေ့ရပြီး 1900 နဲ့ယူတွက်တာက လုံလောက်မှုရှိတယ်လိုယူဆပါတယ်။

    မှတ်ချက်။ Imperial Unit calculation တွေမှာ P တန်ဖိုးကို psi, hydrant outlet diameter ကို inches (2.5 in) တိုကိုထည့်တွက်ရပါမယ်၊ Metric Unit calculation တွေအတွက်တော့ P တန်ဖိုးကို bar, hydrant outlet diameter ကို milimeter (65mm) တိုကိုထည့်တွက်ရပါမယ်။

    ပုံ (1)

    စာရေးသူအနေနဲ့ကတော့ Hydrant Design လုပ်ရင် Hydraulic Calculation မှာ Hydrant Pillar ရဲ့ K Factor ကို discharge coefficient ကို 0.7 အဆိုးဆုံးအနေအထားနဲ့ယူပြီးပဲ (1900) နဲ့ပဲတွက်လေ့ရှိပါတယ်။ K Factor 1900 ဆိုပြီးယူတွက်ရာမှာ 57 l/sec (3420 l/min) ကိုရဖို Pressure 3.24 bar လိုအပ်ပါတယ်၊ FHC သမားကတော့ 3420 l/min နဲ့ 3.24 bar လို Data ဖြစ်ပေးရမှာဖြစ်သလို လက်တွက်သမားကလည်း 3.24 bar Pressure ရှိမှ 3420 l/min ကိုရမှာဖြစ်လို 3.24 bar နဲ့ယူတွက်ရပါမယ်။ FHC report ပုံ (5) မှာပြပေးထားပါတယ်။ Fire Code ထဲက 57 l/sec နဲ့ Running Pressure 2 bar ဆိုထားသလို 2 bar နဲ့ယူတွက်ရင် မှားလိုအထူးသတိပြုရပါမယ်။ စင်ကာပူက Fire Specialist Contactor တွေလည်း ဒီနေရာမှာအထူးသဖြင့်မှားယူတွက်ကြတာကိုတွေ့ရပါတယ်။

    Fire Hydrant Ring Main Design လုပ်ရင် နောက်တချက်အရေးကြီးတာက Most Remote Pillar ကိုရှာတွက်တတ်ဖိုဖြစ်ပါတယ်။ Most Remote (Unfavorable Point) ကိုရရင် FHC သို Hardy Cross Method အစရှိသည်တိုနဲ့တွက်ချက်နိုင်သလို Hazen Williams နဲ့လည်း Clockwise Flow Counter Clockwise Flow နှစ်ခုကို Equivalent Length Ratio ကနေရှာပြီးလည်း တွက်လိုရပါတယ်။ ပုံ (2) ကိုကြည့်ရင် Pump ကနေ စထွက်ပြီး Clockwise Direction အရကြည့်လိုက်ရင် FH 3-6 (275m) length နဲ့ Counter Clockwise Direction အရကြည့်ရင် FH 4-6 (225m) ရယ်လိုတွေ့ရမှာဖြစ်ပြီး Source နဲ့ ပိုဝေးတဲ့ FH 3-6 က Hydraulically Most Remote (Unfavorable) ဖြစ်တယ်ပါတယ်။

    ပုံ (2)

    ဒီတော့ Source ကနေ Counter Clockwise Direction အတိုင်း Pipe Length, Fitting တွေရဲ့ Equivalent Lengths တွေပေါင်းပြီး Q2 flow rate ကိုယူ Hazen Williams နဲ့တွက်ရင် ဒီ Ring Main Design အတွက်လိုအပ်တဲ့ Pump ရဲ့ Capacity ကိုတွက်ချက်နိုင်ပါမယ်။ Clockwise Direction အတိုင်း Total Equivalent Length ရှာရင် pipe အရှည် 275m + (4 nos. elbows X 4.3 = 17.2m) + ( 3 nos. Isolation valves X 1.13 = 3.39m) = 295.59m ရယ်လိုရပါမယ်၊ Counter Clockwise Direction အတိုင်း Total Equivalent Length ရှာရင် pipe အရှည် 325m + (2 nos. elbows X 4.3 = 8.6m) + ( 4 nos. Isolation valves X 1.13 = 4.52m) = 338.12m ရယ်လို (ပုံ (3) ကိုကြည့်ပါ) ရပါမယ်။ P = K * L * Q1.85 (Ring တစ်ခုလုံးက Pipe Diameter အတူတူ အမျိုးအစားအတူတူမိုလို C တန်ဖိုး pipe diameter တန်ဖိုးတွေကို K အောက်မှာထည့်တွက် Hazen Williams ရဲ့အသွင်ပြောင်း Formula) နဲ့တွက်ရင် Q1 နဲ့ Q2 ရဲ့တန်ဖိုးကိုတွက်လိုရပါတယ်။ P1 = K * L1 * Q11.85 = P2 = K * L2 * Q21.85 ဒီလိုတွက်ရင် Q1/Q2 = (L2/L1)0.54 ရယ်လိုရပါမယ်၊ ဒီကနေ Q1 + Q2 = ကိုယ်လိုချင်တဲ့ Design Flow ဥပမာ 57 l/sec (3420 l/min) ကနေ Q1 = 1648 l/min Q2 = 1772 l/min အနေအထားမှာ Hydraulically Balance ဖြစ်နိုင်တယ်လို (ဆုံမှတ် Pressure တူနိုင်တယ်၊ အဲ့ဒီတူတဲ့ Pressure ကို ပေးထားတဲ့ FHC report မှာလည်းတွေ့ရပါမယ် ပုံ (6) မှာ 4.133 bar မှာတူနေတာတွေ့ရပါမယ်၊ ဒီလိုမျိုး FHC နဲ့ Hazen Williams ယှဥ်တွက်ကြည့်ရာမှာ Q1 နဲ့ Q2 Flow Rate တွေ အတိအကျတော့မတူနိုင်ပါဘူး၊ အတိအကျလိုချင်ရင် FHC သုံးပါ Hazen Williams သုံးတွက်ရင် Safety Factor တွေပေါင်းထည့်ပေးပါ။)

    စာရေးသူကတော့ FHC နဲ့ပဲတွက်တွက် Hazen Williams နဲ့ပဲတွက်တွက် Safety Factor 10% နဲ့ Pump Deterioration Factor 50kPa (SS 575 မှာတော့ Pump Deterioration Factor ပေါင်းထည့်ပေးရမယ်မဆိုထားပေးမယ့် Sprinkler Code CP 52 မှာတော့ထည့်ပေါင်းပေးထားရမယ်ပြောပါတယ်) ကိုထည့်ပေါင်းပေးပြီးမှ Pump Capacity ဘယ်လောက်ဖြစ်သင့်တယ်ဆုံးဖြတ်ပါတယ်။ တကယ်လိုသာ Pipe Route တွေ Fittings အရေအတွက်တွေပြောင်းခဲ့ရင် Pump Capacity ကိုပြန်တွက်ကြည့်ပြီးမှသာ ဆုံးဖြတ်ရပါမယ်။ ဒါ ကြောင့်မိုလို M&E Consultant တွေအနေနဲ့ Contractor ဘက်က Pump Proposal တင်ရင် တကယ်တပ်ဆင်မည့် Pipe Route အရ Pipe Length တွေ Fittings တွေအတိုင်း Hydraulic Calculation ပြန်တောင်းပြီးစစ်ကြရပါတယ်။ Pump တစ်စုံလုံးဝယ်ပြီးမှဆင်ပြီးမှ လိုအပ်တဲ့ Flow Rate နဲ့ Pressure မရရင် ရှင်းရခက်ပါတယ်။

    ပုံ (3)

    ပုံ (4)

    ပုံ (5)

    ပုံ (6)

    ပုံ (7)

    ပုံ (8)

  • မေတ္တာရပ်ခံခြင်း

    ဒီရက်ပိုင်းအတွင်းမှာ Admin အနေနဲ့ Project တင်ဒါခေါ်ရန်ကိစ္စ ကုမ္ပဏီ AGM နဲ့ BOD Meeting ကိစ္စတွေကြောင့်မအားလပ်ပါသဖြင့် ပိုစ့်များကို Edit လုပ်ဖို့အချိန်မပေးဖြစ်၍ ပိုစ့်အသစ်များတင်နိုင်ခြင်းမရှိပါသဖြင့်နားလည်ပေးကြစေလိုပါသည်။ ရှိပြီးသား ပိုစ့်အဟောင်းများကိုလက်ဆင့်ကမ်းမျှဝေပေးကြရန်မေတ္တာရပ်ခံအပ်ပါသည်။

  • Fire Hydrant System အပိုင်း (2)

    ပြီးခဲ့တဲ့အပိုင်း (1) မှာ Condo အစရှိတဲ့ Residential Building ရဲ့ Carpark ဟာ PG8 အောက်မှာရှိတယ်လို့ရေးခဲ့ပါတယ်၊ ဒါကြောင့် Condo လိုမျိုး Residential Group 2 အတွက် Fire Hydrant ကို Design လုပ်ရင် Non-residential အနေနဲ့ PG8 အောက်မှာစဥ်းစားပေးရပါမယ်။

    ဒီလို Design လုပ်ရင်ပထမဆုံးအရင် SCDF Fire Code Table 4.4A နဲ့အရင် စစ်ကြည့်သင့်ပါတယ်။ နောက်ထပ် ကိုယ် Design လုပ်မည့် Project ရဲ့အနီးစပ်ဆုံးမှာရှိတဲ့ PUB ရဲ့ Public Hydrant ကို SCDF ကိုအကြောင်းကြားပြီး Flow Rate, Static Pressure နဲ့ Code အခေါ် Running Pressure (တကယ်က Residual Pressure) ကို တိုင်းခိုင်းမှတ်တမ်းယူခိုင်းသင့်ပါတယ်။

    အရေးကြီးတဲ့နောက်တစ်ချက်က ကိုယ်ဒီဇိုင်းလုပ်တဲ့ Project ရဲ့ Elevation အနေအထားကိုသိရပါမယ်၊ SS575 နဲ့ SCDF ရဲ့ Fire Code အရ Reduced Level 125RL ထက်ကျော်ရင် Storage Tank နဲ့ Pumping Facility (Hydrant Pump) ထည့်ပြီးတပ်ဆင်ပေးရပါမယ်။ တကယ်လို့ RL 125m အောက်မှာဆိုရင်တော့ Tabel 4.4A ကသတ်မှတ်ချက် Flow နဲ့ Running Pressure အတိုင်းပြည့်မှီနိုင်ပါက PUB (Utility Supply) Bulk Meter ကနေ (Pump System မလိုအပ်ဘဲ) တိုက်ရိုက်သွယ်ပြီးသုံးနိုင်ပါတယ်။ ဒီတော့တကယ်စစ်ရမှာက Flow နဲ့ Pressure သတ်မှတ်ချက်အတိုင်းပြည့်မှီနိုင်ပါမလားဆိုတာတွက်ချက်တတ်ဖို့အရေးကြီးလာပါပြီ။

    ဒီနေရာမှာ Case Study လေးတစ်ခုနဲ့ရှင်းပြပေးပါမယ်။ မိတ်ဆွေ PE Mech တစ်ယောက်က သူ့လုပ်နေတဲ့ Project တစ်ခုက SCDF ရဲ့ Public Fire Hydrant Test Report ကိုပေးလာပြီး Pump System လိုအပ်နိုင်သလားအကြံတောင်းလာပါတယ်။ Project ကတော့ Condominium ဖြစ်ပြီး Fire Hydrant တွေနဲ့ Fire Engine Access Road ရဲ့ Level က RL 115m အောက်မှာရှိပါတယ်၊ Public Hydrant Level ရဲ့အထက်ကို 11m လောက်ပိုမြင့် (Elevated ဖြစ်) ပါတယ်။

    SCDF ရဲ့ test report ပုံ (1) အရ Static Pressure 4.0bar, Flow Rate 50 l/sec မှာ Running (Residual Pressure) 3.5bar ရှိပါတယ်။

    ပုံ (1)

    ပုံ (2)

    Table 4.4A ပုံ (2) အရ PG2 Residential မှာရှိတဲ့ Covered Carpark အတွက် Hydrant Flow Rate က 38 l/sec နဲ့ Running Pressure 2bar လိုအပ်ပါတယ်။ ဒါကိုရနိုင်မရနိုင်ပြန်တွက်ချက်ကြည့်ဖို့လိုအပ်ပါတယ်။ Static (zero flow pressure) 4bar နဲ့ 50 l/sec at 3.5bar ကို 38l/sec အတွက်မှာ Running Pressure ဘယ်လောက်ကျန်မလဲပြန်တွက်ကြည့်ရပါမယ်။ Ploss = KQ1.85 သို့ NFPA ရဲ့ Qr = Qf (hr/hf)0.54 (ဘယ်နည်းနဲ့တွက်တွက် 2 ခုစလုံးက Hazen Williams ကနေအခြေခံပြီးတွက်ထုတ်ထားတာပါ) တို့နဲ့တွက်ကြည့်ရင် 3.7bar Running Pressure ရယ်လို့ တွက်ထုတ်ခန့်မှန်းနိုင်ပါတယ်။

    နောက်တစ်ချက်အနေနဲ့ ရေ 38l/sec (2280LPM) PUB Bulk-meter မှာဖြတ်စီးရင် ကျဆင်းသွားမည့် pressure losses တွေကိုထည့်တွက်ကြည့်ရပါမယ်။ FHC Report ပုံ (3) / (4) / (5) / (6) အရ 0.6bar လောက်ကျသွားမယ်လို့တွက်ထုတ်လို့ရပါတယ်။ ဒါဆိုရင် 3.7bar လောက်ဝန်း ကျင်ကနေ Bulk-meter အထွက်မှာ 3.1bar သာကျန်ပါတော့မယ်။

    ပုံ (3)

    ပုံ (4)

    ပုံ (5)

    ပုံ (6)

    နောက်ထပ် Hydrant Pillar တွေရဲ့ Elevation 11m (1.1 bar) ဝန်းကျင်ကိုထပ်နုတ်လိုက်ရင် 2.0bar အတိလောက်သာကျန်ပါတော့မယ်၊ အခြားထပ်ပြီးသွယ်တန်းရမည့် Pipe Length နဲ့ Fitting Equivalent Length တွေပါထည့်တွက်လိုက်ရင် Residual Pressure 2bar ပြည့်မှီဖို့နဲ့ Flow Rate 38 l/sec ပြည့်မှီဖို့အခက်အခဲရှိလို့ Hydrant (Storage Tank) နဲ့ Pump System တပ်ဆင်ဖို့ဆုံးဖြတ်ရပါတော့မယ်။ ဒီလိုသာစံနစ်တကျ ကနဦးကထဲကသာ မစဥ်းစားခဲ့ရင် Project လည်းပြီး RI ခေါ်ချိန်မှာ ဒီ Hydrant System Fail ဖြစ်ခဲ့ရင် အကျိုးဆက်ကအတော်ကြီးမားပါတယ်။

    Detail Calculation တွေ Assumption တွေ Code တွေရချင်ရင်တော့ Premium Content အနေနဲ့ဆက်ရေးပေးမှာမို့လို့ Premium Content Subscriber အနေနဲ့ Subscribe (Paid) လုပ်ထားနိုင်ပါတယ်။

  • Fire Hydrant System အပိုင်း (1)

    Fire Hydrant အကြောင်းကိုရေးရာမှာ မြန်မာလူငယ်အများစုဟာ စင်ကာပူနိုင်ငံမှာသွားရောက်လုပ်ကိုင်ကြတာများတဲ့အပြင် မြန်မာ Fire Code ကလည်း စင်ကာပူ Fire Code ကိုကူးယူထားတာဖြစ်တာကြောင့် စင်ကာပူနိုင်ငံမှာသုံးတဲ့ Fire Hydrant System အကြောင်းကိုသာအဓိကရေးပါမယ်။

    အခြား NFPA တို့ AS တို့က Hydrant စံနစ်တွေအကြောင်းကိုတော့အပေါ်ယံသာ ကြားဖူးနားဝရှိယုံမျှသာရေးပါ့မယ်။

    Fire Hydrant System မီးသတ်ရေငုတ် (Pillar) တွေကိုရေပို့ပေးတဲ့စံနစ်တွေလို့ပြောရမှာပါ။ ဒီအကြောင်းရေးရင် Hydrant အမျိုးအစားတွေကိုပါခွဲသိရပါမယ်။ Utility Supply ကနေပေးထားတဲ့လမ်းတလျှောက်က Hydrant Pillar တွေကိုတော့ Public Hydrant လို့သုံးပြီး အဆောက်အဦးတွေအတွင်းမှာ တပ်ဆင်ထားတဲ့ Hydrant Pillar တွေကိုတော့ Private Hydrant လို့သုံးကြပါတယ်၊ အမျိုးအစားတွေကို colour ဖြင့်သော်လည်းကောင်း colour band ဖြင့်သော်လည်းကောင်းခဲဲကပါတယ်။ NFPA မှာတော့ Public Hydrant တွေကို Class AA (Light Blue colour) 1500 GPM သို့ 5700 LPM or higher, Class A (Green) 1000 to 1499 GPM သို့ 3800 to 5699 LPM အတွင်း၊ Class B (Orange) 500 to 999 GPM သို့ 1900 to 3799 LPM အတွင်း၊ Class C (Red) 500 GPM သို့ 1900 LPM အောက်တွေရယ်လို့ခွဲခြားထားပါတယ်။

    AS မှာတော့ Fire Hydrant System ကို External သို့ Internal (Internal Hydrant တွေကတော့ NFPA အရဆို Stand Pipe, စင်ကာပူမှာတော့ Wet Riser/Down Comer ဒီလိုသုံးကြသတ်မှတ်ကြပါတယ်။) Hydrant လို့သုံးပြီး Feed Application, Feed/Fight Application, Fight Application ဒီလိုခွဲထားပါတယ်။ ဒီလိုသတ်မှတ်ချက်တွေကို AS 2419 Part 1 Clause 1.4, 2.2 တို့မှာတွေ့နိုင်ပါတယ်။

    စင်ကာပူမှာတော့ Fire Hydrant System တွေနဲ့ပါတ်သက်လာရင် SS 575 ကိုဖတ်ဖို့လိုသလို SCDF ရဲ့ Fire Code ကိုလည်းဖတ်ဖို့လိုအပ်ပါတယ်။

    မီးသတ်ရေငုတ် (Fire Hydrant) တွေကို Feed Application အနေနဲ့ မီးသတ်ရေငုတ်ကရေကို မီးသတ်အင်ဂျင် (မီးသတ်ကားက pump) အကူအညီနဲ့ Dry Riser ထဲကို BI တွေကတဆင့်ရေမောင်းထည့်တာ၊ Sprinkler System ထဲကို BI ကနေတဆင့်ရေးမောင်းထည့်ပေးတာမျိုးတွေ၊ Fight Application အနေနဲ့ မီးသတ်ကားနဲ့ pump အကူမယူဘဲ Hose တွေ Nozzle တွေချိတ်ဆက်ပြီး တိုက်ရိုက်မီးသတ်တာမျိုးတွေ လိုအပ်သလိုသုံးကြပါတယ်။ Feed Application အတွက်ပဲသီးသန့်ရည်ရွယ်ထားတာမျိုးဆိုရင်တော့ System Pressure များများမလိုအပ်ဘဲ Fight Application အတွက်ပါရည်ရွယ်တယ်ဆိုရင် System Pressure များများလိုအပ်ပါတယ်။

    စင်ကာပူမှာဆောက်လုပ်ရေးလောကထဲမှာ အလုပ်လုပ်ကိုင်နေသူအများစုသိထားတာက Hydrant ကို Residential အတွက် 27 l/sec နဲ့ Non-residential 38 l/sec နဲ့ Running Pressure 2 bar လိုအပ်တယ် ဒီလိုမျိုးလှေနံဒါးထစ်မှတ်သားထားကြပါတယ်။ တကယ့်တကယ်မှာတော့ အခန်းတွေအများကြီးနဲ့တည်ဆောက်ထားတဲ့ Condo လိုအဆောက်အဦးမှာရှိတဲ့ Carpark တွေကို PG8 အောက်မှာရှိနေလို့ Non-residential ရယ်လို့သတ်မှတ်ရမှာဖြစ်ပြီး Hydrant System က Non-residential နဲ့အခြေခံ Design ပြုစဥ်းစားရမှာဖြစ်ပါတယ်။

    အပိုင်း (2) ကိုဆက်လက်ဖတ်ရှုပေးပါ။

  • LIGHTING DESIGN

    Lighting သင်တန်းတွေမှာ သင်ခန်းစာတွေကနေ တွက်တတ်မယ် Software နဲ့ ပတ်သတ်ပြီး သုံးတတ်သွားမယ် ကျွမ်းကျင်ကောင်း ကျွမ်းကျင်သွားမယ် Lighting နဲ့ ပတ်သတ်ပြီး ပညာရှင်ဖြစ်ဖို့ ခက်ခဲပါတယ်။ Lighting ဟာ အနုပညာတခုဖြစ်သလို Lighting Design ဟာ သိပ်ခက်လို့ တကယ့်အနုပညာမြောက် Lighting Design တွေထွက်လာဖို့က Design Knowledge Software Application Knowledge တွေအပြင် အနုပညာဓာတ်ခံရှိဖို့သက်ဝင်ခံစားတတ်ဖို့လည်းလိုအပ်ပါတယ်။

    Lighting နဲ့ ပတ်သတ်တဲ့ ဟိုစာအုပ်ဖတ်၊ ဒီစာအုပ်ဖတ်လို့သာ။ တကယ့် တကယ်မှာ Lighting နဲ့ပတ်သတ်ပြီး သိယုံအဆင့်သာမို့လို့ တကယ်ကျွမ်းကျင်ဖို့အဆင့်ဆိုရင် လေ့လာမှုအပြင် တကယ့်ကို Design အလေ့အကျင့်ရှိဖို့အတွေ့အကြုံများများရှိဖို့လိုအပ်ပါတယ်။

    Indoor Lighting အတွက် သုံးမယ့် Luminaries တွေရဲ့ Specifications တွေကို သိဖို့လည်းလိုသလို၊ အနုပညာဓါတ်ခံလေးလည်း ရှိဖို့လိုတယ်။ လင်းသင့်တဲ့နေရာမှာလင်းရမယ်။

    ဥပမာ ပန်းချီကားတချပ်အတွက် အလင်း၊ အမှောင် အယူဆဟာ အရေးကြီးသလိုမျိုး။ လင်းရင်ပြီးရောဆိုတာကတော့ သာမန်လူအတွေးပေါ့။

    Lighting အတွက်ဆို

    (1) နေရာအမျိုးမျိုး။

    (2) အဲ့ဒီနေရာမှာ ရှိနေတဲ့ လုပ်ငန်းဆောင်တာ (Type of Activities)

    (3) အသက်အရွယ်အမျိုးမျိုး၊

    (4) Safety

    အဲ့ဒီအချက်တွေပေါ်မှာ မူတည်ပြီး စဉ်းစားက ရပါတယ်။ Luminaries တွေရဲ့ Application နဲ့ Construction တွေဟာလည်း တနေရာနဲ့တနေရာမတူနိုင်ပါ။ Hazardous Location တွေမှာဆို ပိုပြီတောင်း သတိထားရပါတယ်။ Explosion Proof Lighting လိုမျိုးတွေကို ပေါက်ကွဲစေတဲ့ပစ္စည်းတွေ Gas တွေ Leakage ဖြစ်နိုင်တဲ့နေရာတွေမှာ ရွေးချယ်သုံးတတ်ဖို့ တွေအကြောင်းလည်း လေ့လာရတယ်။

    Luminaries တွေရဲ့ နေရာအထားအသိုလည်းတနေရာနဲ့တနေရာ မတူနိုင်သလို Lighting Colour Temperature, Light Fitting အမျိုးအစားရွေးချယ်တာတွေ မတူနိုင်ကြပါဘူး။

    Street Lighting၊ Outdoor Lighting၊ အဆောက်အဦးရဲ့ Façade တွေကိုအလှဆင်တဲ့ Building Façade Decorative Lighting တွေ၊ Office Lighting တွေ၊ Shopping Mall တွေမှာ ပစ္စည်းရောင်းကောင်းအောင်လုပ်တဲ့ Products တွေကို Highlight လုပ်တဲ့ Decorative Lighting တွေ၊ ပြတိုက်တွေ Gallery တွေမှာသုံးတဲ့ Lighting တွေ၊ Hazardous Location တွေအတွက် Special Lighting တွေ၊ Airport/Ferry Terminal တွေအတွက် Lighting Design တွေ Sport Hall, Football Stadium တွေအတွက် lighting တွေစတာတွေ အပြင် နောက်ထပ် အများကြီးပါ။

    အရင်ခေတ်တွေတုန်းကတော့ Lighting Design Hand Calculation (Manual Calculation) တွက်ကြပေမယ့် အခုလိုတိုးတက်နေတဲ့ IT ခေတ်ကြီးမှာ Lighting Simulation Software တွေသုံးပြီးတွက်ကြ Client/Consultant တွေကို Presentation လုပ် Approval ယူကြလို့ အချိန်ကုန်သက်သာသလို Digital Report တွေကောင်းကောင်းထုတ်ပြလာနိုင်နေပါပြီ။

    Simulation Software တွေဘယ်လောက်ကောင်းကောင်း လိုအပ်တဲ့ Knowledge တွေရှိမှ Input မှန်မှန်ကန်ကန်ထည့်ပေးမှသာ Output ကောင်းကောင်းထွက်မှာမို့လို့ Code တွေ Standards လည်းလေ့လာဖို့ သိထားဖို့လိုအပ်ပါတယ်။

    Dialux Evo

    Dialux Evo Lighting များ တွက်ချက်ရာတွင် များစွာအသုံးဝင်သည့် Software တခုဖြစ်ပါတယ်။ ၎င်း Dialux Evo Software ကို Online မှ အခမဲ့ရရှိနိုင်ပါတယ်။ Lighting Design လုပ်ကြတဲ့ Designer အများစုဟာ Dialux Evo ကို အများဆုံးအသုံးပြုကြပါတယ်။ ထိုသို့အခမဲ့ရရှိနိုင်သည့် Software ကို မိမိဘဝတိုးတက်‌ရေးအတွက်အသုံးချခွင့်ရရှိခြင်းသည် အထူးအခွင့်အရေးတခုပင်ဖြစ်ပါတယ်။

    Dialux Evo နှင့် ပတ်သတ်သည့် Lessons မြောက်များစွာသည်လည်း UTube တွင် ရှာဖွေလေ့လာလို့ရပါတယ်။

    ဦးစွာ ပထမဆုံး 64 bit Laptop ထဲကို Dialux Evo Software ကို Download လုပ်ပြီး Install လုပ်ရပါမယ်။

    Dialux Evo နှင့် တွဲသုံးရမည် Lighting Catalogue များကိုလည်း Down ပြီး Install လုပ်ရပါမယ်။ အသုံးအများဆုံးနဲ့ အလွယ်ကူဆုံးကတော့ Philips Catalogue နဲ့ Lighting Technology Catalogue တို့ဖြစ်ပါတယ်၊ အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ အခြား Catalogue တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

    နောက်ထပ် Dialux Evo နဲ့တွဲသုံးရနိုင်တဲ့ Software ကတော့ PCON Software ပါ။ 3D Furniture တွေဖြစ်ပါတယ်။ မိမိအသုံးပြုတဲ့ Laptop ၏ Performance ပေါ်တည်၍ Dialux Evo ကို ပို၍ လှပသေသပ်စေပါတယ်။ Dialux Evo Software တွင် Lighting များအတွက်သာမက AutoCAD/Revit Software ကဲ့သို့ 2D/3D ပုံများကို ရေးဆွဲနိုင်သော်လည်း AutoCAD /Revit ကဲ့သို့ Performance မကောင်းလှပါဘူး၊ အခြေခံ Building တခုအနေနဲ့ပဲ အသုံးပြုလို့ရပါတယ်။

    အဆောက်အဦး (အတွင်း/အပြင်)၊ အများပြည်သူနားနေရာဖြစ်သည့် ပန်းခြံ စသည့်၊လမ်း စသည့်နေရာများသာမက အခြားသောနေရာများတွင်လည်း Lighting တပ်ဆင်မည်ဆိုပါက သက်ဆိုင်ရာနေရာ၏ Rules & Regulations အရ လိုအပ်သည့် Illuminance အတွက်၊ မိမိတပ်ဆင်အသုံးပြုမည့် Lighting အမျိုးအစားအရ Lighting Point များ မည်မျှတပ်ဆင်ရမည်ဆိုတာကို တိကျစွာ တွက်ထုတ်ပေးနိုင်သည့် Software ဖြစ်ပါတယ်။ အဆောက်အဦးတခု၏ တည်နေရာ၊ မျက်နှာမူထားသည့်အရပ်၊ တပ်ဆင်ထားသည် Façade Elements များ၊ Windows & Doors ပေါ်မူတည်၍ အခန်းအတွင်းသို့ ရောက်ရှိလာသည့် နေ့ရောင်ခြည် (Daylight)၏ Illuminance ပမာဏကိုလည်း အချိန်တိုင်း အချိန်တိုင်းမှာ တိတိကျကျ တွက်ထုတ်တိုင်းတာပေးနိုင်ပါတယ်။

    Road Lighting. လမ်းအမျိုးအစားအရ Class (4) မျိုး ရှိပါတယ်။

    (1) Motorized

    (2) Conflict Zone

    (3) Pedestrian or Cycling

    (4) Semi Cylindrical or Vertical

    စသည့် လမ်းအမျိုးအစားပေါ်မူတည်ပြီး Rules & Regulations အရ လိုအပ်သည့် Illuminance များကို တိတိကျကျ တွက်ထုတ်ပေးနိုင်သည့် Software ဖြစ်ပါတယ်။

    အထက်ပါအချက်များအပြင်၊ မိမိစိတ်ကူးပုံဖော်မည့် Lighting ၏ အရောင်အရည်အသွေးသည် မိမိအသုံးပြုမည့်နေရာနှင့် လိုက်ဖက်မှု ရှိ၊ မရှိကို ပုံဖော်ပေးနိုင်ခြင်း၊ မိမိတပ်ဆင်အသုံးပြုထားသည့် Lighting များ၏ အရေအတွက်ပမာဏ(BQ)ကို တိတိကျကျ ‌ဖော်ပြပေးနိုင်ခြင်း၊ ၎င်း Lighting များ၏ သက်ဆိုင်ရာ Specifications များကို ဖော်ပြပေးနိုင်ခြင်း၊အဆောက်အဦး တခုအတွင်းရှိ သက်ဆိုင်ရာ အခန်းတခုခြင်းစီမှာ တပ်ဆင်ထားသော Lighting ၏ အ‌ခြေနေတခုချင်းကို အသေးစိပ် ဖော်ပြပေးနိုင်ခြင်း၊ Project တခုလုံးတွင် တပ်ဆင် အသုံးပြုထားသော Lighting အခြေနေကို တိကျစွာ pdf File တခုအဖြစ်တည်ဆောက်ပြီး တင်ပြပေးနိုင်ခြင်း၊ စသည့် အားသာချက်များပါဝင်တဲ့ Software တခုဖြစ်ပါတယ်။

    Dialux Evo သင်တန်းကို online သင်ပေးနေတဲ့ဆရာ လှည်းတန်းမှာရှိပါတယ် ဒီလောကထဲကသူတော်တော်များများသိပြီးသားဆရာမို့လို့ စုံစမ်းကြည့်ရင်သိနိုင်ပါတယ် အမည်တပ်ပြီးအထူးမညွှန်းတော့ပါဘူး။

    ရေးသားသူ Saya Eric ခေတ္တ ယူကေ

  • One-way Emergency Voice Communication System (PA/EVC/BGM System)

    Emergency Voice Communication System သို့ PA System ကို တပ်ဆင်ဖို့ Design လုပ်ဖို့ဆိုရင် ပထမဆုံးသိရမှာက ဘယ်လိုအဆောက်အဦးတွေမှာတပ်ဖို့လိုတာလဲ၊ ဘယ်လိုအနေအထားမှာတပ်ဖို့လိုတာလဲ၊ တပ်ဆင်ဖို့လိုလာရင်ရော ဘယ်လို standard တွေ code တွေကိုလိုက်နာဖို့လိုပါသလဲ။ ဒီဇိုင်းလုပ်ရာမှာကြိုတင်ထည့်သွင်းစဥ်းစားရမည့်အချက်တွေလဲ ဂရုပြုဒီဇိုင်းလုပ်ကြရပါမယ်။ စာရေးသူက ယူကေမှာလက်ရှိနေထိုင်နေပေမယ့် စင်ကာပူမှာအတော်ကြာကြာ M&E အတိုင်ပင်ခံလုပ်ငန်းမှာလုပ်ခဲ့သူမို့ စင်ကာပူနိုင်ငံမှာ PA system တပ်ဆင်ဖို့လိုအပ်ရင် လိုက်နာရမည့် အရာတွေကိုမျှဝေပေးပါ့မယ်။

    ပထမဆုံးအနေနဲ့ PA System ကိုတပ်ဆင်ဖို့လိုမလိုဆိုတာကို ဗိသုကာကိုမေးဖို့လိုသလို သူ့ဘက်ကမသေချာရင်တော့ မိမိကိုယ်တိုင် SCDF building fire code ကိုလည်းစစ်နိုင်ပါတယ်။ ဘာကြောင့် ဗိသုကာကို PA လိုသလားမလိုဘူးလားမေးဖို့လိုတာလဲလို့မေးစရာရှိနိုင်ပါတယ်။ ဗိသုကာတွေဟာ Project တွေမှာ Lead Consultant ဖြစ်တဲ့အပြင် အဆောက်အဦးရဲ့ Accessible Floor Area (AFA အရင်က GFA ကိုသုံးပေခဲ့ကြပေမယ့် 2018 Fire Code ကနေစပြီး AFA ကိုသုံးပါတယ်) ဘယ်လောက်ကျယ်သလဲသိသလို အဆောက်အဦးက ဘယ် Purpose Group အောက်မှာပါလဲဆိုတာကို Define လုပ်သူမို့လို့ သူတို့နဲ့စစ်တာ Confirm လုပ်တာမမှားပါဘူး။ PG အမျိုးအစားတွေကို SCDF Fire Code မှာ Table 1.4A မှာ ဘယ်လိုအဆောက်အဦးက ဘယ် PG အောက်မှပါတယ်ဆိုတာ တိတိကျကျသတ်မှတ်ထားပါတယ်။

    One-way EVC နဲ့ Fire Command Centre (FCC) ကို အောက်ပါအဆောက်အဦးတွေမှာလိုအပ်ပါတယ်။

    1. ကြီးမားတဲ့ PG 3 (မူလတန်း အလယ်တန်း အထက်တန်းကျောင်းနဲ့ ဂျူနီယာကောလိပ်တွေမှာမလို) PG4, PG5, PG6, PG7 PG8 လို့သတ်မှတ်တဲ့အဆောက်အဦးတွေမှာ AFA က 5000 မီတာပတ်လည်ကျော်ရင်ဖြစ်စေ၊ Occupant Load (OL) ဦးရေ 1000 ကျော်ရင်ဖြစ်စေ လိုအပ်ပါတယ်တဲ့။ ကားပါကင်လိုနေရာမျိုးတွေအတွက်တော့ AFA တွက်ရာမှာနဲ့ OL တွက်ရာမှာထည့်တွက်ဖို့ (ကားပါကင်လိုနေရာတွေက Occupant တွေ ခဏတာ ဖြတ်သန်းသွားလာရာနေရာဖြစ်လို့ အသက်အန္တရာယ်အတွက်စိုရိမ်ရမှု risk နဲတဲ့အတွက် FCC One-way EVC အတွက် AFA သို့ OL တွက်ရာမှာထည့်တွက်ရင် လက်တွေ့မကျလှလို့) မလိုအပ်ပါဘူးတဲ့။ AFA တွက်ရာမှာလိုက်နာရမည့်အချက်တွေကိုတော့ ဒီနေရာမှာ (မသေချာရင်တော့ဗိသုကာကိုလည်းမေးနိုင်တာအပြင် မေးဖို့အတည်ပြုချက်ရယူဖို့လည်း လိုအပ်တာကြောင့်) အကျယ်မရေးတော့ပါဘူး။

    2. PG3, PG4, PG5, PG6, PG7 နဲ့ PG8 အဆောက်အဦးတွေက Habitable Height 24 မီတာထက်မြင့်ရင် (Habitable Hight ဆိုတာက ပုံမှန်အသုံးပြုသူတွေ နေထိုင်ရာ အလုပ်လုပ်ရာ အမြင့်ဆုံးအထပ်ကနေ မီးသတ်ကားဝင်ထွက်ရပ်နိုင်တဲ့မြေညီထပ် အကြားအကွာအဝေးကိုသတ်မှတ်တာဖြစ်ပါတယ်) တော့ EVC one-way ရော FCC ပါလိုအပ်ပါတယ်။

    3. Commercial နဲ့ Residential ရောထားတဲ့ Mixed Development တွေမှာလည်း (Residential အဆောက်အဦးတွေချည်းသီးသန့်ဆိုရင်တော့ Habitable Height 24 မီတာမြင့်ထက်ကျော်ရင်လည်း One-way EVC မလိုအပ်ပါဘူး) Commercial အဖြစ်သုံးတဲ့နေရာ သို့ အထပ်က Habitable Height 24 မီတာထက်မြင့်ရင် One-way EVC နဲ့ FCC လိုအပ်ပါတယ်။

    4. ချွင်းချက်အနေနဲ့ Hotel တွေ ကျန်းမာရေးဆိုင်ရာဆေးရုံလိုအဆောက်အဦးတွေမှာတော့ Habitable Height 24 မီတာထက်နိမ့်ပါသော်လည်း သို့ AFA 5000 မီတာပတ်လည်ထက်ငယ်ရင်သော်လည်း သို့ OL 1000 ထက်လျော့နည်းရင်တောင် Ordinary Public Address System (One-way EVC သတ်မှတ်ချက်အလုံးစုံပြည့်မှီဖို့မလို) ကိုတပ်ဆင်ပေးရပါမယ်။ ဒီ PA System က မြန်မြန်နဲ့စံနစ်တကျ Evacuation လုပ်ပေးနိုင်ဖို့များစွာအထောက်အကူပြုတာမို့လို့ Occupant တွေအနေနဲ့ အကျွမ်းတဝင်မရှိတဲ့အဆောက်အဦမျိုးတွေဖြစ်တဲ့ Hotel လို ဆေးရုံလိုအဆောက်အဦးတွေမှာ PA system ကိုတပ်ဆင်ပေးဖို့လိုအပ်တယ်လို့ SCDF fire code interactive version မှာရှင်းပြထားပါတယ်။

    Emergency Voice Communication System တွေကို Design လုပ်ရင်တော့ Singapore Standard SS 546: 2022 အရ Design လုပ်ပေးဖို့လိုအပ်တာကိုလည်းမှတ်သားဖို့သိဖို့လိုအပ်ပါတယ်။ EVC System Design ပိုင်းကိုတော့နောက်အပိုင်းတွေမှဆက်လက်ပြီးရေးပေးပါမယ်။

  • Short Circuit Behaviors & Five Important Elements အပိုင်း 3

    Motors

    လျှစ်စစ်ဓာတ်အားသုံးမော်တာတွေကလည်း ကနဦး Fault ဖြစ်ဖြစ်ခြင်းမှာ သိုလှောင်ထားတဲ့ အရွေ့စွမ်းအင်ကနေ Generator အဖြစ်တန်ပြန်လျှပ်စစ်အားကိုထုတ်ပေးနိုင်တာကြောင့် ဖြစ်ပေါ်လာတဲ့ Fault Current တွေကို ဖြန့်ဖြူးပေးရာ (Contribute လုပ်ပေးနိုင်တဲ့) ရင်းမြစ် Source တစ်ခုဖြစ်ပါတယ်။ မော်တာတွေဟာပုံမှန်လည်ကတ်ဖို့အတွက် လျှပ်စစ်စွမ်းအားကိုသုံးစွဲသော်လည်း Fault ဖြစ်လို့ ဗို့အားထိုးဆင်းသွားတဲ့အခိုက် (Voltage Dipped ဖြစ်ချိန်) မှာ ဒီလိုဆန့်ကျင်ဘက်ဗို့အားကိုပြန်ထုတ်ပေးပါတယ်။ Fault ဖြစ်ဖြစ်ချင်း မီလီစက္ကန့်အတွင်းမှာ လျှစ်စီးအထွတ်အထိတ်ပမာဏ (Peak Amount of Short-Circuit Current) ကို ပံ့ပိုးပေးပြီး Transient Stage လောက်မှာတင်ပဲ Circuit Breaker တွေကဖြတ်တောက်ပြီး Fault ကို ရှင်းသွားတာကြောင့်ဖြစ်စေ Fault မရှင်းသေးဘူးဆိုရင်တောင် Transient Stage / Steady Stage အစရှိသည့်ဖြင့်အဆင့်ဆင့်ပြောင်းလဲသွားပြီး သုညသို့ကျဆင်း (Decay) သွားပါတယ်။ Fault ဖြစ်စေတဲ့ ပမာဏကို 15% မှ 20% အတွင်း 6ဆ မှ 5ဆ အတွင်းရှိတတ်ပြီး မော်တာအမျိုးအစား အရွယ်အစား (Capacity) ပေါ်မူတယ်ပြီး ကွဲပြားနိုင်ပါတယ်။

    မော်တာအသေးလေးတွေကိုတော့ Fault Calculation တွက်ရာမှာ သူတို့ Contribution လုပ်နိုင်တဲ့ Current က သိပ်ပြီးမကြီးမား သက်ရောက်မှုနဲတာကြောင့်ထည့်တွက်လေ့မရှိကြပါဘူး။

    375kVA (0.375MVA) 400V မော်တာတစ်လုံးက 15% အနေနဲ့ Fault ကို Contribute လုပ်တယ်ဆိုပါက သူ့အနေနဲ့ Contribute လုပ်တဲ့ Fault Current ကို 0.375 / 15% (0.15) = 2.5MVA သို့ 2.5 x 1443A = 3607A သို့ 3.6kA ဖြစ်တယ်လို့သိနိုင်ပါတယ်။ ဒီလိုတွက်ချက်တာလေးတွေကိုမှတ်သားထားရင် နောက်ပိုင်းမှာတင်ပေးမည့် MVA Method Fault Calculation အတွက်အထောက်အကူပြုပါမယ်။

    ကနောင် Page Admin အနေနဲ့ ဒီတစ်ပါတ်မှာ အလုပ်နဲနဲများနေလို့ အပိုင်း (4) နောက်ဆုံးအပိုင်းကို ဒီ Weekend မှပဲဆက်ရေးပေးနိုင်မှာမို့ အပိုင်း (3) မှာခဏ နားထားပါရစေ။

  • IDMT OC/EF Relay Setting & FAT

    IDMT OC/EF Relay အကြောင်းမေးထားတာရှိနေတာရော စာရေးသူကိုယ်တိုင်ကလည်း မြန်မာပြည်မှာ design အချို့မှားနေတာတွေ့ဖူးလို့ရေးမယ်ဆိုပြီးတေးထားတာခုမှစရေးဖြစ်ပါတယ်။

    ပုံ 1 ကနေ ပုံ 5 ထိက Singapore Power Grid ရဲ့ Handbook ထဲကထုတ်နုတ်ထားတာဖြစ်ပါတယ်။ ဒီ Handbook ထဲမှာ Customers Installation Requirements တွေကိုပြည့်ပြည့်စုံစုံထည့်ထားတာတွေ့ရပါမယ်။ ဒါကကျနော်တို့မြန်မာပြည် Electrical Supply Board ကမလုပ်ပေးနိုင်သေးတဲ့ကိစ္စဖြစ်နေပါတယ်။ ဘာကြောင့်မလုပ်ပေးနိုင်တာလဲ သတ်မှတ်ချက်တွေမထုတ်ပြန်နိုင်တာလဲဆိုရင်ရင် ဆေးမြီးတိုနဲ့ကု သူတလူငါတစ်မင်းလုပ်ခဲ့ကြတာကြောင့်လို့ယူဆရပါတယ်။ ပုံ 2 အရ HT LT switchgear တွေမှာရှိရမယ့် short time withstand current rating တွေကိုတိတိကျကျပြောထားပါတယ်။ ဒါက distribution transmission network တွေကိုသေခြာတွက်ချက် plan လုပ်ခဲ့လို့ fault level တွေသတ်မှတ်ခဲ့နိုင်လို့ဖြစ်ပါတယ်။ ကျနော်တို့ဒါမျိုးဘယ်တော့မှလုပ်နိုင်မလဲဆိုတာပြန်ပြီးမေးခွန်းထုတ်သင့်နေပါပြီ။ ပုံ 3 စာပိုဒ် 5.3 မှာတော့ LT intake အတွက် over current relay O/C အတွက် IDMTL သို့ DTL ကိုသုံးဖို့လိုအပ်ပြီး Earth Fault အတွက် DTL ကိုသုံးရမယ်လို့သတ်မှတ်ထားပါတယ်။

    ပုံ 1

    ပုံ 2

    ပုံ 3

    ပုံ 4

    ပုံ 5

    IDMT ဆိုတာ Inverse Definite Minimum Time ကိုအတိုကောက်ထားတာဖြစ်ပြီး DTL ကတော့ Definite Time Lag Relay ကိုပြောတာဖြစ်ပါတယ်။ DTL ကတော့သတ်မှတ်တဲ့ပမာဏကျော်တာနဲ့ငတ်မှတ်ချိန်မှာအလုပ်လုပ်စေပါတယ်။ IDMT ကတော့ ကိုယ်ရွေးချယ်သတ်မှတ်ထားတဲ့ Inverse Curve အတိုင်း ပမာဏများရင်အချိန်တိုအတွင်းအလုပ်လုပ်စေပြီး ပမာဏအနည်းငယ်မျှသာကျော်လွန်ရင်တော့အချိန်အတန်ကြာမှာအလုပ်လုပ်ပါတယ်။ ပုံ 8 မှာ IEC 60255 standard နဲ့ IEEE standard နှစ်မျိုးရဲ့ formula တွေကိုပြထားပါတယ်။ အဓိကအသုံးပြုနေကြတာတော့ IEC 60255 standard relay ဖြစ်ပြီး၊ standard inverse curve မှာ 1.3/10 နဲ့ 3/10 curve ရယ်လို့ခွဲကြပါသေးတယ်။ 1.3/10 ကတော့ plug setting ရဲ့ဆယ်ဆပိုနေတဲ့အချိန် time multiplier setting (TMS) value 1.0 မှာထားခဲ့ရင် 1.3 sec မှာ relay အလုပ်လုပ်မယ်လို့ဆိုလိုပါတယ်၊ 3/10ကတော့ 3 sec မှာအလုပ်လုပ်မယ်ဒီလိုမျိုးပါ။ တကယ်တမ်းအသုံးများကြတာတော့ IEC ရဲ့မူလ SI curve ဖြစ်တဲ့ 3/10 ဖြစ်ပါတယ်။ ပုံ 5 မှာ Singapore Power Grid Handbook က LT intake ရဲ့ IDMT O/C နဲ့ DTL Earth Fault သတ်မှတ်ချက်လေးတွေပေးထားပါတယ်။ O/C setting လုပ်ရာမှာ plug setting ကို approved load ရဲ့ 100% setting ထားရမယ် TMS ကို 0.1 မှာ သို့ (0.2 မှာ approved load 1.5kA နဲ့ 2.2kAအကြားဆို) ထားရမယ်၊ Earth Fault ကိုတော့ DTL သုံးရမယ် time setting 0.5 sec ထက်မကျော်စေရဘူး current setting approved load ရဲ့ 20% သို့ 120A ထက်မကျော်အောင်ထားရမယ် (မှတ်ချက် E/F ကို IDMT ထားသုံးတာမျိုးကို မြန်မာပြည်ကဆရာတချို့ပြောင်းပြန်လုပ်ကြတာတွေ့ဖူးပါတယ် ဒါဟာလုံးဝမှားပါတယ် Electrical Installation ရဲ့ Basic Safety Rule ကိုချိုးဖောက်တာဖြစ်ပါတယ်၊ EF ကို IDMT သုံးတာ HT transmission ပိုင်းမှာပဲသုံးကြပြီး LT မှာ safety အတွက်သုံးတာမစီလျော်ပါဘူး)။

    ပုံ 9 က MSB intake မှာ O/C နဲ့ EF IDMT/DTL setting ယူထားတာကိုပြထားပါတယ်။ ပုံ 10 ကတော့ IDMT standard inverse. 3/10 curve ကို current 2ဆ/3ဆ/5ဆ နဲ့ Relay ရဲ့ operation time ကို တွက်ပြတာဖြစ်ပါတယ်။ ဒီလိုတွက်ထားတာနဲ့ တကယ့် Relay အလုပ်မလုပ်ဆိုတာ Factory Acceptance Test (FAT) result ကို ပုံ 6 မှာပြထားပါတယ်။ အနီနဲ့ဝိုင်းပြထားတာက calculated estimate operation time ဖြစ်ပြီး အစိမ်းဝိုင်းပြထားတာက တကယ့် relay အလုပ်လုပ်ချိန်ဖြစ်ပါတယ်။ ဒါဟာ relay က သူ့ကို setting ပေးထားတဲ့ curve အတိုင်းအလုပ်လုပ်ရဲ့လားစမ်းသပ်တာဖြစ်ပါတယ်၊ ဒီလိုစမ်းပြီးလို့ Designer (PE) စိတ်ကြိုက် setting ချိန်ပြီးရင် ချိတ်ပိတ်ဖို့လိုပါတယ်။ ပုံ 7 ကတော့ FAT/SAT အပြီးမှာ PE (Designer) ရဲ့ Supervision နဲ့ချိတ်ပိတ်ထားတဲ့ Settings တွေဖြစ်ပါတယ်။ မြန်မာပြည်က MSB တော်တော်များများက ချိတ်ပိတ်မထားကြပါဘူး ဒါဟာမသိနားမလည်သူတစ်ယောက်ယောက်က setting ပြောင်းလိုက်ရင် ပြဿနာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်သိထားဖို့က Direct Acting Trip setting ပါ SPPG handbook ပုံ 4 မှာ ဘယ်လောက်ချိန်ရမယ်ပြထားပါတယ်။ 400A ကနေ up to 1500Aမှာ Direct Acting Trip 3200A ထိချိန်ခွင့်ပေးထားပါတယ်၊ ပုံမှန်တော့ Approved Load (current) ရဲ့ 2ဆ (1400A ဆို အနီးစပ်ဆုံး 2800Aလောက် 3200A ထက်မကျော်အောင်) ချိန်ကြလေ့ရှိပါတယ်။

    Earth Fault DTL setting ကတော့ Approved Load (Current ရဲ့ 20% အများဆုံး 120A ထိ) ချိန်ခွင့်ပြုထားပါတယ်။ ကျနော့် projects တွေမှာတော့ intake အကြီးဆုံး 1.5MVA မို့လို့ 120A ထိ setting လုပ်ခွင့်ရှိပေမယ့်လည်း ရိုက်ထားတဲ့ Earth Pit ရဲ့ မြေဓါတ်ခုခံမှုအပေါ်မူတည်ပြီး Earth Fault Touch Voltage Level 50V ထက်မကျော်အောင်ချင့်ချိန်ပြီး setting ပေးလေ့ရှိပါတယ်။ အမြင့်ဆုံးချိန်ခဲ့ဖူးတာတော့ 100A @0.5 sec မှာဖြစ်ပါတယ်။ တွက်နည်းလေးပေးထားတာမို့ဘယ်လိုတွက်ရတယ်ဆိုတာတော့ နားလည်လွယ်ပေမယ့် plug setting ယူတာ TMS setting ယူတာ တကယ့်သဘောတရားလေးတွေနဲ့ concept တွေခြုံငုံမိအောင်တော့ စာများများဖတ်အချိန်ယူလေ့လာဖို့လိုအပ်မှာဖြစ်ပါတယ်။ အတတ်နိုင်ဆုံးပြည့်ဆုံအောင်ရေးထားပေမယ့် ပြောချင်တာလေးတချို့လည်းချန်ထားခဲ့ပါတယ်။ ဆွေးနွေးစေလိုတဲ့သဘောနဲ့ချန်ထားခဲ့တာပါ။ အချိန်ယူဖတ်ပြီးဆွေးနွေးကြဖို့မျော်လင့်ပါတယ်။

    ပုံ 6

    ပုံ 7

    ပုံ 8

    ပုံ 9

    ပုံ 10

    References:

    1. IEC/IEEE 60255-Measuring Relays And Protection Equipment

    2. How to Apply For Electricity Connection by SP Group

    Leave a Reply

    Fill in your details below or click an icon to log in:

    WordPress.com Logo

    You are commenting using your WordPress.com account. Log Out /  Change )

    Facebook photo

    You are commenting using your Facebook account. Log Out /  Change )

    Connecting to %s