LIGHTING DESIGN

Lighting သင်တန်းတွေမှာ သင်ခန်းစာတွေကနေ တွက်တတ်မယ် Software နဲ့ ပတ်သတ်ပြီး သုံးတတ်သွားမယ် ကျွမ်းကျင်ကောင်း ကျွမ်းကျင်သွားမယ် Lighting နဲ့ ပတ်သတ်ပြီး ပညာရှင်ဖြစ်ဖို့ ခက်ခဲပါတယ်။ Lighting ဟာ အနုပညာတခုဖြစ်သလို Lighting Design ဟာ သိပ်ခက်လို့ တကယ့်အနုပညာမြောက် Lighting Design တွေထွက်လာဖို့က Design Knowledge Software Application Knowledge တွေအပြင် အနုပညာဓာတ်ခံရှိဖို့သက်ဝင်ခံစားတတ်ဖို့လည်းလိုအပ်ပါတယ်။

Lighting နဲ့ ပတ်သတ်တဲ့ ဟိုစာအုပ်ဖတ်၊ ဒီစာအုပ်ဖတ်လို့သာ။ တကယ့် တကယ်မှာ Lighting နဲ့ပတ်သတ်ပြီး သိယုံအဆင့်သာမို့လို့ တကယ်ကျွမ်းကျင်ဖို့အဆင့်ဆိုရင် လေ့လာမှုအပြင် တကယ့်ကို Design အလေ့အကျင့်ရှိဖို့အတွေ့အကြုံများများရှိဖို့လိုအပ်ပါတယ်။

Indoor Lighting အတွက် သုံးမယ့် Luminaries တွေရဲ့ Specifications တွေကို သိဖို့လည်းလိုသလို၊ အနုပညာဓါတ်ခံလေးလည်း ရှိဖို့လိုတယ်။ လင်းသင့်တဲ့နေရာမှာလင်းရမယ်။

ဥပမာ ပန်းချီကားတချပ်အတွက် အလင်း၊ အမှောင် အယူဆဟာ အရေးကြီးသလိုမျိုး။ လင်းရင်ပြီးရောဆိုတာကတော့ သာမန်လူအတွေးပေါ့။

Lighting အတွက်ဆို

(1) နေရာအမျိုးမျိုး။

(2) အဲ့ဒီနေရာမှာ ရှိနေတဲ့ လုပ်ငန်းဆောင်တာ (Type of Activities)

(3) အသက်အရွယ်အမျိုးမျိုး၊

(4) Safety

အဲ့ဒီအချက်တွေပေါ်မှာ မူတည်ပြီး စဉ်းစားက ရပါတယ်။ Luminaries တွေရဲ့ Application နဲ့ Construction တွေဟာလည်း တနေရာနဲ့တနေရာမတူနိုင်ပါ။ Hazardous Location တွေမှာဆို ပိုပြီတောင်း သတိထားရပါတယ်။ Explosion Proof Lighting လိုမျိုးတွေကို ပေါက်ကွဲစေတဲ့ပစ္စည်းတွေ Gas တွေ Leakage ဖြစ်နိုင်တဲ့နေရာတွေမှာ ရွေးချယ်သုံးတတ်ဖို့ တွေအကြောင်းလည်း လေ့လာရတယ်။

Luminaries တွေရဲ့ နေရာအထားအသိုလည်းတနေရာနဲ့တနေရာ မတူနိုင်သလို Lighting Colour Temperature, Light Fitting အမျိုးအစားရွေးချယ်တာတွေ မတူနိုင်ကြပါဘူး။

Street Lighting၊ Outdoor Lighting၊ အဆောက်အဦးရဲ့ Façade တွေကိုအလှဆင်တဲ့ Building Façade Decorative Lighting တွေ၊ Office Lighting တွေ၊ Shopping Mall တွေမှာ ပစ္စည်းရောင်းကောင်းအောင်လုပ်တဲ့ Products တွေကို Highlight လုပ်တဲ့ Decorative Lighting တွေ၊ ပြတိုက်တွေ Gallery တွေမှာသုံးတဲ့ Lighting တွေ၊ Hazardous Location တွေအတွက် Special Lighting တွေ၊ Airport/Ferry Terminal တွေအတွက် Lighting Design တွေ Sport Hall, Football Stadium တွေအတွက် lighting တွေစတာတွေ အပြင် နောက်ထပ် အများကြီးပါ။

အရင်ခေတ်တွေတုန်းကတော့ Lighting Design Hand Calculation (Manual Calculation) တွက်ကြပေမယ့် အခုလိုတိုးတက်နေတဲ့ IT ခေတ်ကြီးမှာ Lighting Simulation Software တွေသုံးပြီးတွက်ကြ Client/Consultant တွေကို Presentation လုပ် Approval ယူကြလို့ အချိန်ကုန်သက်သာသလို Digital Report တွေကောင်းကောင်းထုတ်ပြလာနိုင်နေပါပြီ။

Simulation Software တွေဘယ်လောက်ကောင်းကောင်း လိုအပ်တဲ့ Knowledge တွေရှိမှ Input မှန်မှန်ကန်ကန်ထည့်ပေးမှသာ Output ကောင်းကောင်းထွက်မှာမို့လို့ Code တွေ Standards လည်းလေ့လာဖို့ သိထားဖို့လိုအပ်ပါတယ်။

Dialux Evo

Dialux Evo Lighting များ တွက်ချက်ရာတွင် များစွာအသုံးဝင်သည့် Software တခုဖြစ်ပါတယ်။ ၎င်း Dialux Evo Software ကို Online မှ အခမဲ့ရရှိနိုင်ပါတယ်။ Lighting Design လုပ်ကြတဲ့ Designer အများစုဟာ Dialux Evo ကို အများဆုံးအသုံးပြုကြပါတယ်။ ထိုသို့အခမဲ့ရရှိနိုင်သည့် Software ကို မိမိဘဝတိုးတက်‌ရေးအတွက်အသုံးချခွင့်ရရှိခြင်းသည် အထူးအခွင့်အရေးတခုပင်ဖြစ်ပါတယ်။

Dialux Evo နှင့် ပတ်သတ်သည့် Lessons မြောက်များစွာသည်လည်း UTube တွင် ရှာဖွေလေ့လာလို့ရပါတယ်။

ဦးစွာ ပထမဆုံး 64 bit Laptop ထဲကို Dialux Evo Software ကို Download လုပ်ပြီး Install လုပ်ရပါမယ်။

Dialux Evo နှင့် တွဲသုံးရမည် Lighting Catalogue များကိုလည်း Down ပြီး Install လုပ်ရပါမယ်။ အသုံးအများဆုံးနဲ့ အလွယ်ကူဆုံးကတော့ Philips Catalogue နဲ့ Lighting Technology Catalogue တို့ဖြစ်ပါတယ်၊ အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ အခြား Catalogue တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

နောက်ထပ် Dialux Evo နဲ့တွဲသုံးရနိုင်တဲ့ Software ကတော့ PCON Software ပါ။ 3D Furniture တွေဖြစ်ပါတယ်။ မိမိအသုံးပြုတဲ့ Laptop ၏ Performance ပေါ်တည်၍ Dialux Evo ကို ပို၍ လှပသေသပ်စေပါတယ်။ Dialux Evo Software တွင် Lighting များအတွက်သာမက AutoCAD/Revit Software ကဲ့သို့ 2D/3D ပုံများကို ရေးဆွဲနိုင်သော်လည်း AutoCAD /Revit ကဲ့သို့ Performance မကောင်းလှပါဘူး၊ အခြေခံ Building တခုအနေနဲ့ပဲ အသုံးပြုလို့ရပါတယ်။

အဆောက်အဦး (အတွင်း/အပြင်)၊ အများပြည်သူနားနေရာဖြစ်သည့် ပန်းခြံ စသည့်၊လမ်း စသည့်နေရာများသာမက အခြားသောနေရာများတွင်လည်း Lighting တပ်ဆင်မည်ဆိုပါက သက်ဆိုင်ရာနေရာ၏ Rules & Regulations အရ လိုအပ်သည့် Illuminance အတွက်၊ မိမိတပ်ဆင်အသုံးပြုမည့် Lighting အမျိုးအစားအရ Lighting Point များ မည်မျှတပ်ဆင်ရမည်ဆိုတာကို တိကျစွာ တွက်ထုတ်ပေးနိုင်သည့် Software ဖြစ်ပါတယ်။ အဆောက်အဦးတခု၏ တည်နေရာ၊ မျက်နှာမူထားသည့်အရပ်၊ တပ်ဆင်ထားသည် Façade Elements များ၊ Windows & Doors ပေါ်မူတည်၍ အခန်းအတွင်းသို့ ရောက်ရှိလာသည့် နေ့ရောင်ခြည် (Daylight)၏ Illuminance ပမာဏကိုလည်း အချိန်တိုင်း အချိန်တိုင်းမှာ တိတိကျကျ တွက်ထုတ်တိုင်းတာပေးနိုင်ပါတယ်။

Road Lighting. လမ်းအမျိုးအစားအရ Class (4) မျိုး ရှိပါတယ်။

(1) Motorized

(2) Conflict Zone

(3) Pedestrian or Cycling

(4) Semi Cylindrical or Vertical

စသည့် လမ်းအမျိုးအစားပေါ်မူတည်ပြီး Rules & Regulations အရ လိုအပ်သည့် Illuminance များကို တိတိကျကျ တွက်ထုတ်ပေးနိုင်သည့် Software ဖြစ်ပါတယ်။

အထက်ပါအချက်များအပြင်၊ မိမိစိတ်ကူးပုံဖော်မည့် Lighting ၏ အရောင်အရည်အသွေးသည် မိမိအသုံးပြုမည့်နေရာနှင့် လိုက်ဖက်မှု ရှိ၊ မရှိကို ပုံဖော်ပေးနိုင်ခြင်း၊ မိမိတပ်ဆင်အသုံးပြုထားသည့် Lighting များ၏ အရေအတွက်ပမာဏ(BQ)ကို တိတိကျကျ ‌ဖော်ပြပေးနိုင်ခြင်း၊ ၎င်း Lighting များ၏ သက်ဆိုင်ရာ Specifications များကို ဖော်ပြပေးနိုင်ခြင်း၊အဆောက်အဦး တခုအတွင်းရှိ သက်ဆိုင်ရာ အခန်းတခုခြင်းစီမှာ တပ်ဆင်ထားသော Lighting ၏ အ‌ခြေနေတခုချင်းကို အသေးစိပ် ဖော်ပြပေးနိုင်ခြင်း၊ Project တခုလုံးတွင် တပ်ဆင် အသုံးပြုထားသော Lighting အခြေနေကို တိကျစွာ pdf File တခုအဖြစ်တည်ဆောက်ပြီး တင်ပြပေးနိုင်ခြင်း၊ စသည့် အားသာချက်များပါဝင်တဲ့ Software တခုဖြစ်ပါတယ်။

Dialux Evo သင်တန်းကို online သင်ပေးနေတဲ့ဆရာ လှည်းတန်းမှာရှိပါတယ် ဒီလောကထဲကသူတော်တော်များများသိပြီးသားဆရာမို့လို့ စုံစမ်းကြည့်ရင်သိနိုင်ပါတယ် အမည်တပ်ပြီးအထူးမညွှန်းတော့ပါဘူး။

ရေးသားသူ Saya Eric ခေတ္တ ယူကေ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: