Fire Hydrant အကြောင်းကိုရေးရာမှာ မြန်မာလူငယ်အများစုဟာ စင်ကာပူနိုင်ငံမှာသွားရောက်လုပ်ကိုင်ကြတာများတဲ့အပြင် မြန်မာ Fire Code ကလည်း စင်ကာပူ Fire Code ကိုကူးယူထားတာဖြစ်တာကြောင့် စင်ကာပူနိုင်ငံမှာသုံးတဲ့ Fire Hydrant System အကြောင်းကိုသာအဓိကရေးပါမယ်။
အခြား NFPA တို့ AS တို့က Hydrant စံနစ်တွေအကြောင်းကိုတော့အပေါ်ယံသာ ကြားဖူးနားဝရှိယုံမျှသာရေးပါ့မယ်။
Fire Hydrant System မီးသတ်ရေငုတ် (Pillar) တွေကိုရေပို့ပေးတဲ့စံနစ်တွေလို့ပြောရမှာပါ။ ဒီအကြောင်းရေးရင် Hydrant အမျိုးအစားတွေကိုပါခွဲသိရပါမယ်။ Utility Supply ကနေပေးထားတဲ့လမ်းတလျှောက်က Hydrant Pillar တွေကိုတော့ Public Hydrant လို့သုံးပြီး အဆောက်အဦးတွေအတွင်းမှာ တပ်ဆင်ထားတဲ့ Hydrant Pillar တွေကိုတော့ Private Hydrant လို့သုံးကြပါတယ်၊ အမျိုးအစားတွေကို colour ဖြင့်သော်လည်းကောင်း colour band ဖြင့်သော်လည်းကောင်းခဲဲကပါတယ်။ NFPA မှာတော့ Public Hydrant တွေကို Class AA (Light Blue colour) 1500 GPM သို့ 5700 LPM or higher, Class A (Green) 1000 to 1499 GPM သို့ 3800 to 5699 LPM အတွင်း၊ Class B (Orange) 500 to 999 GPM သို့ 1900 to 3799 LPM အတွင်း၊ Class C (Red) 500 GPM သို့ 1900 LPM အောက်တွေရယ်လို့ခွဲခြားထားပါတယ်။
AS မှာတော့ Fire Hydrant System ကို External သို့ Internal (Internal Hydrant တွေကတော့ NFPA အရဆို Stand Pipe, စင်ကာပူမှာတော့ Wet Riser/Down Comer ဒီလိုသုံးကြသတ်မှတ်ကြပါတယ်။) Hydrant လို့သုံးပြီး Feed Application, Feed/Fight Application, Fight Application ဒီလိုခွဲထားပါတယ်။ ဒီလိုသတ်မှတ်ချက်တွေကို AS 2419 Part 1 Clause 1.4, 2.2 တို့မှာတွေ့နိုင်ပါတယ်။
စင်ကာပူမှာတော့ Fire Hydrant System တွေနဲ့ပါတ်သက်လာရင် SS 575 ကိုဖတ်ဖို့လိုသလို SCDF ရဲ့ Fire Code ကိုလည်းဖတ်ဖို့လိုအပ်ပါတယ်။
မီးသတ်ရေငုတ် (Fire Hydrant) တွေကို Feed Application အနေနဲ့ မီးသတ်ရေငုတ်ကရေကို မီးသတ်အင်ဂျင် (မီးသတ်ကားက pump) အကူအညီနဲ့ Dry Riser ထဲကို BI တွေကတဆင့်ရေမောင်းထည့်တာ၊ Sprinkler System ထဲကို BI ကနေတဆင့်ရေးမောင်းထည့်ပေးတာမျိုးတွေ၊ Fight Application အနေနဲ့ မီးသတ်ကားနဲ့ pump အကူမယူဘဲ Hose တွေ Nozzle တွေချိတ်ဆက်ပြီး တိုက်ရိုက်မီးသတ်တာမျိုးတွေ လိုအပ်သလိုသုံးကြပါတယ်။ Feed Application အတွက်ပဲသီးသန့်ရည်ရွယ်ထားတာမျိုးဆိုရင်တော့ System Pressure များများမလိုအပ်ဘဲ Fight Application အတွက်ပါရည်ရွယ်တယ်ဆိုရင် System Pressure များများလိုအပ်ပါတယ်။
စင်ကာပူမှာဆောက်လုပ်ရေးလောကထဲမှာ အလုပ်လုပ်ကိုင်နေသူအများစုသိထားတာက Hydrant ကို Residential အတွက် 27 l/sec နဲ့ Non-residential 38 l/sec နဲ့ Running Pressure 2 bar လိုအပ်တယ် ဒီလိုမျိုးလှေနံဒါးထစ်မှတ်သားထားကြပါတယ်။ တကယ့်တကယ်မှာတော့ အခန်းတွေအများကြီးနဲ့တည်ဆောက်ထားတဲ့ Condo လိုအဆောက်အဦးမှာရှိတဲ့ Carpark တွေကို PG8 အောက်မှာရှိနေလို့ Non-residential ရယ်လို့သတ်မှတ်ရမှာဖြစ်ပြီး Hydrant System က Non-residential နဲ့အခြေခံ Design ပြုစဥ်းစားရမှာဖြစ်ပါတယ်။
အပိုင်း (2) ကိုဆက်လက်ဖတ်ရှုပေးပါ။