IDMT OC/EF Relay Setting & FAT

IDMT OC/EF Relay အကြောင်းမေးထားတာရှိနေတာရော စာရေးသူကိုယ်တိုင်ကလည်း မြန်မာပြည်မှာ design အချို့မှားနေတာတွေ့ဖူးလို့ရေးမယ်ဆိုပြီးတေးထားတာခုမှစရေးဖြစ်ပါတယ်။

ပုံ 1 ကနေ ပုံ 5 ထိက Singapore Power Grid ရဲ့ Handbook ထဲကထုတ်နုတ်ထားတာဖြစ်ပါတယ်။ ဒီ Handbook ထဲမှာ Customers Installation Requirements တွေကိုပြည့်ပြည့်စုံစုံထည့်ထားတာတွေ့ရပါမယ်။ ဒါကကျနော်တို့မြန်မာပြည် Electrical Supply Board ကမလုပ်ပေးနိုင်သေးတဲ့ကိစ္စဖြစ်နေပါတယ်။ ဘာကြောင့်မလုပ်ပေးနိုင်တာလဲ သတ်မှတ်ချက်တွေမထုတ်ပြန်နိုင်တာလဲဆိုရင်ရင် ဆေးမြီးတိုနဲ့ကု သူတလူငါတစ်မင်းလုပ်ခဲ့ကြတာကြောင့်လို့ယူဆရပါတယ်။ ပုံ 2 အရ HT LT switchgear တွေမှာရှိရမယ့် short time withstand current rating တွေကိုတိတိကျကျပြောထားပါတယ်။ ဒါက distribution transmission network တွေကိုသေခြာတွက်ချက် plan လုပ်ခဲ့လို့ fault level တွေသတ်မှတ်ခဲ့နိုင်လို့ဖြစ်ပါတယ်။ ကျနော်တို့ဒါမျိုးဘယ်တော့မှလုပ်နိုင်မလဲဆိုတာပြန်ပြီးမေးခွန်းထုတ်သင့်နေပါပြီ။ ပုံ 3 စာပိုဒ် 5.3 မှာတော့ LT intake အတွက် over current relay O/C အတွက် IDMTL သို့ DTL ကိုသုံးဖို့လိုအပ်ပြီး Earth Fault အတွက် DTL ကိုသုံးရမယ်လို့သတ်မှတ်ထားပါတယ်။

ပုံ 1

ပုံ 2

ပုံ 3

ပုံ 4

ပုံ 5

IDMT ဆိုတာ Inverse Definite Minimum Time ကိုအတိုကောက်ထားတာဖြစ်ပြီး DTL ကတော့ Definite Time Lag Relay ကိုပြောတာဖြစ်ပါတယ်။ DTL ကတော့သတ်မှတ်တဲ့ပမာဏကျော်တာနဲ့ငတ်မှတ်ချိန်မှာအလုပ်လုပ်စေပါတယ်။ IDMT ကတော့ ကိုယ်ရွေးချယ်သတ်မှတ်ထားတဲ့ Inverse Curve အတိုင်း ပမာဏများရင်အချိန်တိုအတွင်းအလုပ်လုပ်စေပြီး ပမာဏအနည်းငယ်မျှသာကျော်လွန်ရင်တော့အချိန်အတန်ကြာမှာအလုပ်လုပ်ပါတယ်။ ပုံ 8 မှာ IEC 60255 standard နဲ့ IEEE standard နှစ်မျိုးရဲ့ formula တွေကိုပြထားပါတယ်။ အဓိကအသုံးပြုနေကြတာတော့ IEC 60255 standard relay ဖြစ်ပြီး၊ standard inverse curve မှာ 1.3/10 နဲ့ 3/10 curve ရယ်လို့ခွဲကြပါသေးတယ်။ 1.3/10 ကတော့ plug setting ရဲ့ဆယ်ဆပိုနေတဲ့အချိန် time multiplier setting (TMS) value 1.0 မှာထားခဲ့ရင် 1.3 sec မှာ relay အလုပ်လုပ်မယ်လို့ဆိုလိုပါတယ်၊ 3/10ကတော့ 3 sec မှာအလုပ်လုပ်မယ်ဒီလိုမျိုးပါ။ တကယ်တမ်းအသုံးများကြတာတော့ IEC ရဲ့မူလ SI curve ဖြစ်တဲ့ 3/10 ဖြစ်ပါတယ်။ ပုံ 5 မှာ Singapore Power Grid Handbook က LT intake ရဲ့ IDMT O/C နဲ့ DTL Earth Fault သတ်မှတ်ချက်လေးတွေပေးထားပါတယ်။ O/C setting လုပ်ရာမှာ plug setting ကို approved load ရဲ့ 100% setting ထားရမယ် TMS ကို 0.1 မှာ သို့ (0.2 မှာ approved load 1.5kA နဲ့ 2.2kAအကြားဆို) ထားရမယ်၊ Earth Fault ကိုတော့ DTL သုံးရမယ် time setting 0.5 sec ထက်မကျော်စေရဘူး current setting approved load ရဲ့ 20% သို့ 120A ထက်မကျော်အောင်ထားရမယ် (မှတ်ချက် E/F ကို IDMT ထားသုံးတာမျိုးကို မြန်မာပြည်ကဆရာတချို့ပြောင်းပြန်လုပ်ကြတာတွေ့ဖူးပါတယ် ဒါဟာလုံးဝမှားပါတယ် Electrical Installation ရဲ့ Basic Safety Rule ကိုချိုးဖောက်တာဖြစ်ပါတယ်၊ EF ကို IDMT သုံးတာ HT transmission ပိုင်းမှာပဲသုံးကြပြီး LT မှာ safety အတွက်သုံးတာမစီလျော်ပါဘူး)။

ပုံ 9 က MSB intake မှာ O/C နဲ့ EF IDMT/DTL setting ယူထားတာကိုပြထားပါတယ်။ ပုံ 10 ကတော့ IDMT standard inverse. 3/10 curve ကို current 2ဆ/3ဆ/5ဆ နဲ့ Relay ရဲ့ operation time ကို တွက်ပြတာဖြစ်ပါတယ်။ ဒီလိုတွက်ထားတာနဲ့ တကယ့် Relay အလုပ်မလုပ်ဆိုတာ Factory Acceptance Test (FAT) result ကို ပုံ 6 မှာပြထားပါတယ်။ အနီနဲ့ဝိုင်းပြထားတာက calculated estimate operation time ဖြစ်ပြီး အစိမ်းဝိုင်းပြထားတာက တကယ့် relay အလုပ်လုပ်ချိန်ဖြစ်ပါတယ်။ ဒါဟာ relay က သူ့ကို setting ပေးထားတဲ့ curve အတိုင်းအလုပ်လုပ်ရဲ့လားစမ်းသပ်တာဖြစ်ပါတယ်၊ ဒီလိုစမ်းပြီးလို့ Designer (PE) စိတ်ကြိုက် setting ချိန်ပြီးရင် ချိတ်ပိတ်ဖို့လိုပါတယ်။ ပုံ 7 ကတော့ FAT/SAT အပြီးမှာ PE (Designer) ရဲ့ Supervision နဲ့ချိတ်ပိတ်ထားတဲ့ Settings တွေဖြစ်ပါတယ်။ မြန်မာပြည်က MSB တော်တော်များများက ချိတ်ပိတ်မထားကြပါဘူး ဒါဟာမသိနားမလည်သူတစ်ယောက်ယောက်က setting ပြောင်းလိုက်ရင် ပြဿနာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်သိထားဖို့က Direct Acting Trip setting ပါ SPPG handbook ပုံ 4 မှာ ဘယ်လောက်ချိန်ရမယ်ပြထားပါတယ်။ 400A ကနေ up to 1500Aမှာ Direct Acting Trip 3200A ထိချိန်ခွင့်ပေးထားပါတယ်၊ ပုံမှန်တော့ Approved Load (current) ရဲ့ 2ဆ (1400A ဆို အနီးစပ်ဆုံး 2800Aလောက် 3200A ထက်မကျော်အောင်) ချိန်ကြလေ့ရှိပါတယ်။

Earth Fault DTL setting ကတော့ Approved Load (Current ရဲ့ 20% အများဆုံး 120A ထိ) ချိန်ခွင့်ပြုထားပါတယ်။ ကျနော့် projects တွေမှာတော့ intake အကြီးဆုံး 1.5MVA မို့လို့ 120A ထိ setting လုပ်ခွင့်ရှိပေမယ့်လည်း ရိုက်ထားတဲ့ Earth Pit ရဲ့ မြေဓါတ်ခုခံမှုအပေါ်မူတည်ပြီး Earth Fault Touch Voltage Level 50V ထက်မကျော်အောင်ချင့်ချိန်ပြီး setting ပေးလေ့ရှိပါတယ်။ အမြင့်ဆုံးချိန်ခဲ့ဖူးတာတော့ 100A @0.5 sec မှာဖြစ်ပါတယ်။ တွက်နည်းလေးပေးထားတာမို့ဘယ်လိုတွက်ရတယ်ဆိုတာတော့ နားလည်လွယ်ပေမယ့် plug setting ယူတာ TMS setting ယူတာ တကယ့်သဘောတရားလေးတွေနဲ့ concept တွေခြုံငုံမိအောင်တော့ စာများများဖတ်အချိန်ယူလေ့လာဖို့လိုအပ်မှာဖြစ်ပါတယ်။ အတတ်နိုင်ဆုံးပြည့်ဆုံအောင်ရေးထားပေမယ့် ပြောချင်တာလေးတချို့လည်းချန်ထားခဲ့ပါတယ်။ ဆွေးနွေးစေလိုတဲ့သဘောနဲ့ချန်ထားခဲ့တာပါ။ အချိန်ယူဖတ်ပြီးဆွေးနွေးကြဖို့မျော်လင့်ပါတယ်။

ပုံ 6

ပုံ 7

ပုံ 8

ပုံ 9

ပုံ 10

References:

1. IEC/IEEE 60255-Measuring Relays And Protection Equipment

2. How to Apply For Electricity Connection by SP Group

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: