Electrical System တွေမှာ short circuit analysis လုပ်ပြီဆိုရင် အဓိကကျတဲ့ အစိတ်အပိုင်း 5 ပိုင်းကို (အောက်ပါအတိုင်း) ဂဃနဏသိထားဖို့လိုအပ်ပါတယ်။ ကျောင်းမှာကျောင်းသားဘဝ အစပိုင်းက သင်ခဲ့ရတဲ့ Electrical Technology အခြေခံ series/parallel/Thevenin Equivalent/Complex number အစရှိတဲ့အခြေခံလေးတွေလည်း ကြေညက်နေဖို့လိုသလို Subtransient/Transient တွေလည်းအမှတ်ရနေဖို့လိုပါတယ်။ Fault Level Analysis လုပ်ကြရင်အဓိကထားသိထားရမည့် အပိုင်း 5 ပိုင်းရှိပါတယ်။
Utility
Utility Source က Fault Current ရဲ့ Energy Source (ရင်းမြစ်)ဖြစ်ပါတယ်။ မြင်သာအောင် ဥပမာပေးရရင် ရေပေးဝေနေတဲ့အလွန်ကြီးမားတဲ့ဆည်ကြီးတစ်ခုလိုမျိုးဖြစ်ပြီး ချိတ်ဆက်ထား တဲ့ပမာဏကြီးရင်ကြီးသလောက်များရင်များသလောက် Potential မြင့်ရင်မြင့်သလောက် Fault ဖြစ်တဲ့အခါ Fault Current ကအလွန်ကြီးမားနိုင်ပါတယ်။ အတိုင်းအဆမရှိ Control မလုပ်နိုင်လောက်အောင်ထိကြီးမားရင်လဲ အဆင်မပြေပါဘူး၊ ဒါကြောင့် Load Flow Analysis တွေ Fault Level Analysis တွေလုပ်ပြီးသာ National Grid လိုမျိုး Utility Grid တွေကိုစံနစ်တကျ Design လုပ်ကြရပါတယ်။ National Grid/Transmission Code တွေမှာလည်း Fault Level MVA သို့ kA ဘယ်လောက်ဆိုပြီးတိတိကျကျ သတ်မှတ်ပေးထားတာမျိုးရှိရပါတယ်။ ဥပမာ UK SP Manweb ရဲ့ Fault Level Design Limit သတ်မှတ်ပေးထားတာမျိုးကို ပုံ(1)မှာ အသေးစိတ်တွေ့ရပါမယ်။
ပုံ (1)

စင်ကာပူ EMA ရဲ့ SG Transmission Code Appendix I က Switch Gear တွေအတွက် Voltage Level အလိုက် Rated Short Circuit Current တွေနဲ့ Rated Duration (1 sec) သတ်မှတ်ပေးထားတာမျိုးတွေ ကိုတွေ့ရပါမယ်။ မြန်မာပြည်မှာလည်း National Grid Code (Draft) လားရှိပါတယ် ဒီလိုမျိုးသတ်မှတ်ချက်တွေတော့မတွေ့မိပါဘူး၊ Transmission သမားတော်တော်များများကို မေးကြည့် ဖူးသလောက် သေသေချာချာသတ်မှတ်ချက်မရှိသလိုသဘောမျိုးတွေ့ရပါတယ်။ စင်ကာပူရဲ့ Utility Fault Level တွေကို 22kV မှာ 952 MVA သို့ 25kA (Rated Duration 3 sec) SPPH Handbook ပုံ (3) အရ၊ 66kV မှာ 4570 MVA သို့ 40 kA (1 sec) 230kV မှာ 25000 MVA သို့ 63kA (1 sec)၊ 400kV မှာ 43500 MVA သို့ 63kA (1 sec) ရယ်လို့ Transmission Code ပုံ (2) မှာတွေ့ရပါမယ်။
ပုံ (2)

ပုံ (3)

ဒီလို Fault Level limit တွေပေးထားမှသာ Designer တွေအနေနဲ့ Switch Gear Selection လုပ်ရင် ဘယ်လောက်ထားရမယ်ဆိုတာတိတိကျကျသိပါမယ်၊ ခန့်မှန်ပြီး Oversize လုပ်လို့ရတယ်လို့အလွယ်မပြောပါနဲ့ Switch Gear တစ်လုံးရဲ့တန်ဖိုးဟာ Rated Short Circuit Current တဆင့်တက်ရင် စျေးအများကြီးဟသွားပါတယ်။ ဒါကြောင့် Oversize ကအဆင်မပြေသလို Undersize ဖြစ်ရင်လည်း Fault ဝင်တာနဲ့ Switch Gear ကိစ္စမြန်မြန်ချောသွားပါမယ်။ နောက်တစ်ချက်က Design လုပ်ရာမှာ Utility Fault Level (Upstream Source) ကိုသိထားတော့ ပိုပြီးတိတိကျကျလုပ်နိုင်ပါတယ်။ ကျန်တဲ့ Transformer, Generator, Motor, Cable တွေကို Fault Level Contributions တွေမှာ ဘယ်လိုမျှဝေတယ်ဆိုတာ အချိန်ရရင်ရသလိုဆက်ရေးပေးပါ့မယ်။
References:
1. How to Apply For Electricity Connection by SP Group
2. Transmission Code by Energy Market Authority of Singapore
3. Calculation of System Fault Levels by SP Power Systems Limited
One response to “Short Circuit Behaviors & Five Important Elements အပိုင်း 1”
Thank you for your sharing.
LikeLiked by 1 person